ထွက်​မြောက် 21:26-29 Judson Bible (BJB)

26. သခင်သည် ကျွန်ယောက်ျား၊ ကျွန်မိန်းမ၏မျက်စိကိုပျက်အောင်ရိုက်လျှင်၊ မျက်စိပျက်သည်အတွက်လွှတ်ရမည်။

27. ထိုအတူ ကျွန်ယောက်ျား ကျွန်မိန်းမ၏သွားကိုကျိုးအောင်ရိုက်လျှင်၊ သွားကျိုးသည်အတွက်လွှတ်ရမည်။

28. နွားသည် လူယောက်ျားမိန်းမကိုခွေ့၍ လူသေလျှင်၊ စင်စစ်ထိုနွားကို ကျောက်ခဲနှင့် ပစ်၍သတ်ရမည်။ အသားကိုလည်း မစားရ။ နွားရှင်ကိုကား၊ အပြစ်လွှတ်ရမည်။

29. ၎င်းနည်းနွားသည် အထက်ကခွေ့ဘူး၍၊ ခွေ့ကြောင်းကို နွားရှင်ကြားသိလျက် မချည်မနှောင်အလွတ်ထား၍၊ နွားသည် ယောက်ျားမိန်းမကိုသတ်မိလျှင်၊ ထိုနွားကို ကျောက်ခဲနှင့် ပစ်သတ်ရမည်။ နွားရှင်ကိုလည်း အသေသတ်ရမည်။

ထွက်​မြောက် 21