ထွက်​မြောက် 20:23-26 Judson Bible (BJB)

23. ငါ့ကိုကိုးကွယ်သောအမှု၌ ကိုယ်သုံးဘို့ ငွေဘုရား၊ ရွှေဘုရားကိုမလုပ်ရ။

24. ငါ့အဘို့မြေယဇ်ပလ္လင်ကို တည်ရမည်။ ထိုပလ္လင်ပေါ်မှာ သင်၏မီးရှို့သောယဇ်၊ မိဿဟာယယဇ်တည်းဟူသော သင်၏သိုးနွားတို့ကို ယဇ်ပူဇော်ရမည်။ ငါ့အခွင့်ရှိ၍၊ ငါ့နာမကိုကိုးကွယ်ရာအရပ်ခပ်သိမ်းတို့၌၊ သင့်ဆီသို့ငါကြွလာ၍ ကောင်းကြီးပေးမည်။

25. သင်သည် ကျောက်ယဇ်ပလ္လင်ကို ငါ့အဘို့တည်လျှင်၊ ဆစ်သောကျောက်ကို မတည်ရ။ သံတန်ဆာပါ၍ တည်သောယဇ်ပလ္လင်သည် ညစ်ညူးခြင်းရှိ၏။

26. သင်၌ရှက်စရာအကြောင်း မထင်မပေါ်စေခြင်းငှာ၊ ယဇ်ပလ္လင်ပေါ်သို့ လှေကားဖြင့်မတက်ရဟု မိန့်တော်မူ၏။

ထွက်​မြောက် 20