ထွက်​မြောက် 20:11-18 Judson Bible (BJB)

11. အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ရှိသမျှတို့ကို ခြောက်ရက်တွင်ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုကြောင့်ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းကြီးပေး၍သန့်ရှင်းစေတော်မူ၏။

12. သင်၏ဘုရားသခင် ထာဝရဘုရားပေးသနားတော်မူသောပြည်၌ သင်၏အသက်တာရှည်မည်အကြောင်း၊ သင်၏မိဘကိုရိုသေစွာပြုလော့။

13. လူအသက်ကိုမသတ်နှင့်။

14. သူ့မယားကိုမပြစ်မှားနှင့်။

15. သူ့ဥစ္စာကိုမခိုးနှင့်။

16. ကိုယ်နှင့်စပ်ဆိုင်သောသူတဘက်၌ မမှန်သောသက်သေကိုမခံနှင့်။

17. ကိုယ်နှင့်စပ်ဆိုင်သောသူ၏အိမ်ကို တပ်မက်လိုချင်သောစိတ်မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏မယား၊ သူ၏ကျွန် ယောက်ျား၊ မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာတစုံတခုကိုမျှ တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟု မိန့်တော်မူ၏။

18. လူအပေါင်းတို့သည် မိုဃ်းချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ တံပိုးသံမြည်ခြင်း၊ တောင်ထဲကမီးခိုးထွက်ခြင်း အကြောင်းအရာတို့ကိုမြင်သောအခါ၊ ကြောက်သောကြောင့်ရွှေ့၍ အဝေး၌ရပ်နေကြ၏။

ထွက်​မြောက် 20