9. ထာဝရဘုရားသည် ဣသရေလအမျိုးကို အဲဂုတ္တုလူတို့လက်မှကယ်နှုတ်၍၊ ပြုတော်မူသောကျေးဇူးကြောင့် ယေသရောသည်ဝမ်းမြောက်လျက်၊
10. အဲဂုတ္တုလူတို့လက်မှ၎င်း၊ ဖာရောဘုရင်လက်မှ၎င်း၊ သင့်ကို ကယ်နှုတ်တော်မူထသော၊ လူများတို့ကို အဲဂုတ္တုလူတို့လက်မှကယ်နှုတ်တော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။
11. ထာဝရဘုရားသည် အခြားသောဘုရားရှိသမျှတို့ထက်သာ၍ ကြီးမြတ်တော်မူကြောင်းကို ယခုငါသိ၏။ အကြောင်းမူကား၊ လူတို့သည် မာနထောင်လွှားသောအမှုအရာတွင်၊ ထာဝရဘုရားနိုင်တော်မူ၏ဟုဆိုပြီးမှ၊
12. မောရှေ၏ယောက္ခမယေသရောသည်၊ မီးရှို့စရာယဇ်နှင့် ဘုရားသခင်အဘို့ ယဇ်များကိုဆောင်ခဲ့၍၊ အာရုန်နှင့် ဣသရေလအမျိုးအသက်ကြီးသူအပေါင်းတို့သည်၊ မောရှေ၏ယောက္ခမနှင့်အတူ ဘုရားသခင့်ရှေ့တော်၌ အစာစားခြင်းငှာ လာကြ၏။