ထွက်​မြောက် 18:6-9 Judson Bible (BJB)

6. ကိုယ်တော်၏ယောက္ခမယေသရောနှင့် ကိုယ်တော်၏မယား၊ သားနှစ်ယောက်တို့သည် ကိုယ်တော်ထံသို့ရောက်လာပါပြီဟု မောရှေအား ကြားပြောသော်၊

7. မောရှေသည်ယောက္ခမကို ခရီးဦးကြိုပြုခြင်းငှာထွက်၍ ဦးချနမ်းရှုပ်လျက်၊ ကျန်းမာကြောင်းကို တယောက်နှင့်တယောက်မေးမြန်းလျက် တဲသို့ဝင်ကြ၏။

8. ထာဝရဘုရားသည် ဣသရေလအမျိုးအတွက် ဖာရောဘုရင်နှင့် အဲဂုတ္တုလူတို့၌ ပြုတော်မူသမျှကို၎င်း၊ လမ်းခရီးတွင်ခံရသော ဆင်းရဲဒုက္ခအလုံးစုံကို၎င်း၊ ထိုဆင်းရဲဒုက္ခမှ ထာဝရဘုရားကယ်လွှတ်တော်မူကြောင်းကို၎င်း၊ မောရှေသည် ယောက္ခမအားကြားပြောလေ၏။

9. ထာဝရဘုရားသည် ဣသရေလအမျိုးကို အဲဂုတ္တုလူတို့လက်မှကယ်နှုတ်၍၊ ပြုတော်မူသောကျေးဇူးကြောင့် ယေသရောသည်ဝမ်းမြောက်လျက်၊

ထွက်​မြောက် 18