ထွက်​မြောက် 18:25-27 Judson Bible (BJB)

25. တတ်စွမ်းနိုင်သောသူတို့ကို ဣသရေလအမျိုးထဲကရွေးကောက်၍ လူတထောင်အုပ်၊ တရာအုပ်၊ ငါးဆယ်အုပ်၊ တဆယ်အုပ်အသီးအသီး ခေါင်းအရာ၌ခန့်ထားလေ၏။

26. ထိုသူတို့သည် ခပ်သိမ်းသောအချိန်၌ လူတို့ကိုတရားစီရင်ကြ၏။ ခက်သောအမှု၌ မောရှေ၏အယူကိုခံကြ၏။ လွယ်သောအမှုကို အလိုလိုစီရင်ကြ၏။

27. ထိုနောက် မောရှေသည် ယောက္ခမသွားရသောအခွင့်ကိုပေး၍၊ သူသည် မိမိနေရာသို့သွားလေ၏။

ထွက်​မြောက် 18