ထွက်​မြောက် 18:22-25 Judson Bible (BJB)

22. ထိုသူတို့သည်ခပ်သိမ်းသောအချိန်၌ လူများတို့ကို တရားစီရင်ကြစေ။ ကြီးသောအမှု၌ သင်၏အယူကိုခံကြစေ။ ငယ်သောအမှုကို အလိုလိုစီရင်ကြစေ။ သို့ဖြစ်လျှင် သူတို့သည်ဝိုင်းညီ၍အမှုထမ်းသဖြင့် သင်သည်သက်သာလိမ့်မည်။

23. ထိုသို့ ဘုရားသခင်အခွင့်နှင့်ပြုလျှင် သင်သည်ခိုင်ခံ့လိမ့်မည်။ ဤလူအပေါင်းတို့သည် မိမိနေရာပြည်သို့ ငြိမ်ဝပ်စွာသွားကြလိမ့်မည်ဟု ပြောဆို၏။

24. မောရှေသည်လည်း ယောက္ခမ၏စကားကိုနားထောင်၍ စကားရှိသည်အတိုင်း ပြုလျက်၊

25. တတ်စွမ်းနိုင်သောသူတို့ကို ဣသရေလအမျိုးထဲကရွေးကောက်၍ လူတထောင်အုပ်၊ တရာအုပ်၊ ငါးဆယ်အုပ်၊ တဆယ်အုပ်အသီးအသီး ခေါင်းအရာ၌ခန့်ထားလေ၏။

ထွက်​မြောက် 18