2. မောရှေလွှတ်ခဲ့သောမယားနှင့်
3. သူ၏သားနှစ်ယောက်ကိုယူ၍သွားလေ၏။ သားတယောက်ကား၊ ဂေရရှုံ အမည်ရှိ၏။ အကြောင်းမူကား၊ ငါသည် တကျွန်းတနိုင်ငံ၌ ဧည့်သည်အာဂန္တုဖြစ်ရပြီဟု အဘဆိုသတည်း။
4. သားတယောက်ကား၊ ဧလျေဇာအမည်ရှိ၏။ အကြောင်းမူကား၊ ငါ့ဘိုးဘေးတို့၏ ဘုရားသခင်သည် ငါ့ကိုမစ၍ ဖာရောဘုရင်၏ထားမှကယ်လွှတ်တော်မူပြီဟု ဆိုသတည်း။
5. မောရှေ၏ယောက္ခမယေသရောသည် မောရှေမယားနှင့် သားတို့ကိုယူ၍၊ တော၌ ဘုရားသခင်၏တောင်တော်နား၊ မောရှေတပ်ချရာအရပ်သို့ရောက်လာလျှင်၊
6. ကိုယ်တော်၏ယောက္ခမယေသရောနှင့် ကိုယ်တော်၏မယား၊ သားနှစ်ယောက်တို့သည် ကိုယ်တော်ထံသို့ရောက်လာပါပြီဟု မောရှေအား ကြားပြောသော်၊
7. မောရှေသည်ယောက္ခမကို ခရီးဦးကြိုပြုခြင်းငှာထွက်၍ ဦးချနမ်းရှုပ်လျက်၊ ကျန်းမာကြောင်းကို တယောက်နှင့်တယောက်မေးမြန်းလျက် တဲသို့ဝင်ကြ၏။