ထွက်​မြောက် 18:14-17 Judson Bible (BJB)

14. မောရှေသည် လူများတို့အားပြုသမျှကို ယောက္ခမမြင်လျှင်၊ ဤလူများတို့အား ပြုသောအမှုအဘယ်သို့နည်း။ သင်သည် တယောက်တည်းထိုင်လျက်၊ လူအပေါင်းတို့သည် နံနက်မှစ၍ညဦးတိုင်အောင် သင့်ရှေ့မှာ အဘယ်ကြောင့် နေရကြသနည်းဟုဆို၏။

15. မောရှေကလည်း၊ ဤသူတို့သည် ဘုရားသခင်၏အယူတော်ကိုခံလို၍ ကျွန်ုပ်ထံသို့လာသောကြောင့် ဤသို့ဖြစ်၏။

16. သူတို့သည်အမှုရှိလျှင် အကျွန်ုပ်ထံသို့လာ၍ သူတို့၏အမှုကို ကျွန်ုပ်ဆုံးဖြတ်ရ၏။ ဘုရားသခင်၏ပညတ်တရားများကိုသင်ချရ၏ဟု ယောက္ခမအား ပြောလျှင်၊

17. ယောက္ခမက၊ သင်ပြုသောအမှုသည်မတော်မသင့်ဖြစ်၏။

ထွက်​မြောက် 18