ထွက်​မြောက် 18:1-3 Judson Bible (BJB)

1. ဘုရားသခင်သည် မောရှေမှစ၍ ကိုယ်တော်၏လူဣသရေလအမျိုးအဘို့ ပြုတော်မူသမျှကို၎င်း၊ ထာဝရဘုရားသည် ဣသရေလအမျိုးကိုအဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူကြောင်းကို၎င်း၊ မိဒျန်ယဇ်ပုရောဟိတ်ဖြစ်သော မောရှေ၏ ယောက္ခမယေသရောကြားသည်ရှိသော်၊

2. မောရှေလွှတ်ခဲ့သောမယားနှင့်

3. သူ၏သားနှစ်ယောက်ကိုယူ၍သွားလေ၏။ သားတယောက်ကား၊ ဂေရရှုံ အမည်ရှိ၏။ အကြောင်းမူကား၊ ငါသည် တကျွန်းတနိုင်ငံ၌ ဧည့်သည်အာဂန္တုဖြစ်ရပြီဟု အဘဆိုသတည်း။

ထွက်​မြောက် 18