10. မောရှေမှာလိုက်သည်အတိုင်းယောရှုပြု၍၊ အာမလက်လူတို့ကို စစ်တိုက်လေ၏။ မောရှေ၊ အာရုန်၊ ဟုရတို့သည် တောင်ထိပ်ပေါ်သို့တက်ကြ၏။
11. မောရှေသည် လက်ကိုချီသောအခါ၊ ဣသရေလလူတို့သည်နိုင်ကြ၏။ လက်ကို ချသောအခါ၊ အာမလက်လူတို့သည်နိုင်ကြ၏။
12. သို့ရာတွင် မောရှေ၏လက်သည်ညောင်းသောကြောင့်၊ သူတို့သည် ကျောက်ကိုယူ၍ မောရှေကိုထိုင်စေပြီးလျှင်၊ အာရုန်နှင့် ဟုရတို့သည် တယောက်တဘက်နေ၍ သူ၏လက်ကိုမကြ၏။ သို့ဖြစ်၍ နေဝင်သည်တိုင်အောင် သူ၏လက်တို့သည် အမြဲနေလေ၏။
13. ယောရှုသည်လည်း အာမလက်မင်းနှင့် လူများတို့ကိုထားလက်နက်ဖြင့် လုပ်ကြံလေ၏။