1. ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့သည်လည်၍၊ ပိဟဟိရုတ်မြို့နား၊
2. မိဂဒေါလမြို့နှင့် ပင်လယ်စပ်ကြား၊ ဗာလဇေဖုန်မြို့ရှေ့မှာတပ်ချစေခြင်းငှာ မှာလိုက်လော့။ ထိုမြို့ရှေ့၊ ပင်လယ်ကမ်းနားမှာတပ်ချရကြမည်။
3. အကြောင်းမူကား၊ ဖာရောဘုရင်က၊ ဣသရေလအမျိုးသားတို့သည် ကျဉ်းကျုပ်ရာသို့ရောက်ကြပြီ။ တောလမ်းပိတ်လျက်ရှိ၏ဟုဆိုလိမ့်မည်။
4. ငါသည်လည်း၊ ဖာရောဘုရင်၏နှလုံးကိုခိုင်မာစေ၍၊ သူသည် ဣသရေလတို့ကို လိုက်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တုလူတို့သည် သိစေခြင်းငှာ၊ ထိုမင်းနှင့် သူ၏စစ်သူရဲအလုံးအရင်းအားဖြင့် ငါ့ဘုန်းပွင့်လိမ့်မည်ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊ ထိုသူတို့သည် ပြုကြ၏။
5. ထိုလူတို့ထွက်ပြေးကြောင်းကို၊ အဲဂုတ္တုရှင်ဘုရင်အားကြားရှောက်သဖြင့်၊ သူမှစ၍ ကျွန်များတို့သည် မနာလိုသောစိတ်ဖောက်ပြန်လျှင်၊ ငါတို့သည် ဤသို့ပြု၍ ဣသရေလလူတို့ကို ငါတို့စေခိုင်းရာမှ အဘယ်ကြောင့်လွှတ်ရသနည်းဟု ပြောဆိုကြ၏။
6. ထိုအခါ ဖာရောဘုရင်သည်၊ ရထားတော်ကိုပြင်၍၊ မိမိလူအပေါင်းတို့ကို ခေါ်လေ၏။