ထွက်​မြောက် 1:2-15 Judson Bible (BJB)

2. ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊

3. ဣသခါ၊ ဇာဗုလုန်၊ ဗင်္ယာမိန်၊

6. ယောသပ်နှင့်အစ်ကိုများမှစ၍၊ ထိုကာလအမျိုးသားအပေါင်းတို့သည် သေကြကုန်၏။

7. ဣသရေလအမျိုးသားတို့သည်သားကိုဘွား၍ အလွန်တိုးပွားများပြားသဖြင့်၊ အလွန်အားကြီး၍ တပြည်လုံး၌နှံ့ပြားကြလေ၏။

8. ထိုနောက်မှအဲဂုတ္တုပြည်၌ ယောသပ်ကိုမသိသော ရှင်ဘုရင်သစ်ပေါ်လာ၏။

9. ထိုရှင်ဘုရင်ကလည်း၊ ဣသရေလအမျိုးသားတို့သည် ငါတို့ထက်သာ၍များကြ၏။ သာ၍အားကြီးကြ၏။

10. လာကြ၊ သူတို့ကို လိမ္မာစွာပြုကြစို့။ သို့မဟုတ် သူတို့သည် များပြားကြလိမ့်မည်။ နောက်တခါစစ်မှုရောက်လျှင် ငါတို့ရန်သူဘက်သို့ဝင်စား၍ ငါတို့ကိုတိုက်သဖြင့်၊ ပြည်တော်ထဲကထွက်သွားကြလိမ့်မည်ဟု မိမိလူတို့အား ဆိုလေ၏။

11. ထို့ကြောင့်အဲဂုတ္တုမင်းတို့သည်၊ ကျပ်တည်းစွာနှိပ်စက်ညှဉ်းဆဲစေခြင်းငှါ အအုပ်အချုပ်ခန့်ထားကြ၏။ ဣသရေလလူတို့သည်၊ ဘဏ္ဍာတော်သိုထားဘို့၊ ပိသုံမြို့နှင့် ရာမသက်မြို့ကိုတည်ဆောက်ရကြ၏။

12. သို့သော်လည်း၊ နှိပ်စက်ခြင်းကိုခံရသည်အတိုင်း၊ တိုးပွားများပြားလျက် ရှိကြ၏။ သူတို့ကြောင့် အဲဂုတ္တုလူတို့သည်စိတ်ညစ်၍၊

13. အလွန်ကြမ်းတမ်းစွာညှဉ်းဆဲကြ၏။

14. သရွတ်နှင့်အုတ်လုပ်သောအမှု၊ လယ်လုပ်သောအမှုအမျိုးမျိုး၌ ခဲယဉ်းစွာစေခိုင်း၍ အလွန်ဆင်းရဲပင်ပန်းစေကြ၏။ စေခိုင်းလေရာရာ၌လည်း ခဲယဉ်းစွာစေခိုင်းကြ၏။

15. ရှိဖရနှင့် ပုအာအမည်ရှိသော ဟေဗြဲဝမ်းဆွဲမတို့ကို၊ အဲဂုတ္တုရှင်ဘုရင်က၊

ထွက်​မြောက် 1