9. ဘာမျှမလိုဘဲဝစွာစားရသောပြည်၊ သံကျောက်နှင့် ပြည့်စုံ၍၊ တောင်ထဲကကြေးနီကိုတူးရသောပြည်သို့ သင့်ကိုဆောင်သွားတော်မူ၏။
10. ထိုကောင်းမွန်သောပြည်ကို ပေးသနားတော်မူသည်ဖြစ်၍၊ သင်သည် ဝစွာစားရသောအခါ၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းရမည်။
11. ယနေ့ငါဆင့်ဆိုသော စီရင်ထုံးဖွဲ့ချက်၊ ပညတ်တရားတော်တို့ကို သင်သည် မစောင့်၊ သင်၏ဘုရားသခင် ထာဝရဘုရားကိုမေ့လျော့သောအပြစ်ကို သတိနှင့်ရှောင်လော့။
12. သင်သည်ဝစွာစား၍ ကောင်းသောအိမ်ကိုဆောက်လျက်နေရစဉ်၊
13. သင်၏သိုးနွား၊ ရွှေငွေအစရှိသောဥစ္စာမျိုးများပြားစဉ်အခါ၊