19. သင်၏ဘုရားသခင် ထာဝရဘုရားကို သင်သည်မေ့လျော့သဖြင့်၊ အခြားတပါးသောဘုရားတို့ကို ဆည်းကပ်၍ဝတ်ပြုကိုးကွယ်လျှင်၊ ပျက်စီးခြင်းသို့ အမှန်ရောက်လိမ့်မည်ဟု ယနေ့ငါသည် သင့်တဘက်၌သက်သေခံ၏။
20. သင်၏ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို နားမထောင်သောကြောင့်၊ ထာဝရဘုရားသည် သင့်ရှေ့မှာဖျက်ဆီးတော်မူသော လူမျိုးများကဲ့သို့၊ ထိုနည်းတူ သင်သည် ပျက်စီးခြင်းသို့ရောက်ရလိမ့်မည်။