တ​ရား​ဟော 8:1-12 Judson Bible (BJB)

1. သင်သည် အသက်ရှင်၍များပြားမည်အကြောင်း၊ ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်သို့သွား၍ ဝင်စားမည်အကြောင်း၊ ယနေ့ ငါမှာထားသောပညတ်အလုံးစုံတို့ကို ကျင့်ဆောင်အံ့သောငှာ သတိပြုရမည်။

2. သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကိုနှိမ့်ချစုံစမ်း၍၊ ပညတ်တော်တို့ကို ကျင့်ချင်သောစိတ်ရှိသည် မရှိသည်ကိုသိမည်အကြောင်း၊ လွန်ခဲ့ပြီးသောအနှစ်လေးဆယ်ပတ်လုံး တော၌ပို့ဆောင်တော်မူသော လမ်းခရီးတရှောက်လုံးကို အောက်မေ့ရမည်။

3. ထိုသို့သင့်ကိုနှိမ့်ချ၍ အငတ်အမွတ်ခံစေတော်မူသောအခါ၊ သင်သည် ကိုယ်တိုင်မသိ၊ သင်၏ဘိုးဘေးမသိဘူးသောမန္နနှင့် ကျွေးမွေးတော်မူသဖြင့်၊ လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရသည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်မွေးရသည်ကို သိစေတော်မူ၏။

4. လွန်ခဲ့ပြီးသောအနှစ်လေးဆယ်ပတ်လုံး သင်ဝတ်သောအဝတ် မဟောင်းမနွမ်း၊ သင့်ခြေလည်းမပွန်းမရောင်။

5. အဘသည် သားကိုဆုံးမသကဲ့သို့၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အားဆုံးမတော်မူသည်ကို စိတ်ထဲမှာအောက်မေ့ရမည်။

6. သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရားစီရင်တော်မူသောလမ်းသို့လိုက်၍၊ ကိုယ်တော်ကိုကြောက်ရွံ့သဖြင့် ပညတ်တော်တို့ကိုစောင့်ရှောက်ရမည်။

7. အကြောင်းမူကား၊ သင်၏ဘုရားသခင် ထာဝရဘုရားသည်ကောင်းသောပြည်၊ ချိုင့်ထဲ၊ တောင်ထဲကပေါက်သောမြစ်၊ ချောင်း၊ စမ်းရေတွင်း၊ ရေကန်များနှင့် ပြည့်စုံ သောပြည်၊

8. ဂျုံ၊ မုယော၊ စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်နှင့် ပြည့်စုံသောပြည်၊ သံလွင်ဆီ၊ ပျားရည်နှင့် ပြည့်စုံသောပြည်၊

9. ဘာမျှမလိုဘဲဝစွာစားရသောပြည်၊ သံကျောက်နှင့် ပြည့်စုံ၍၊ တောင်ထဲကကြေးနီကိုတူးရသောပြည်သို့ သင့်ကိုဆောင်သွားတော်မူ၏။

10. ထိုကောင်းမွန်သောပြည်ကို ပေးသနားတော်မူသည်ဖြစ်၍၊ သင်သည် ဝစွာစားရသောအခါ၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းရမည်။

11. ယနေ့ငါဆင့်ဆိုသော စီရင်ထုံးဖွဲ့ချက်၊ ပညတ်တရားတော်တို့ကို သင်သည် မစောင့်၊ သင်၏ဘုရားသခင် ထာဝရဘုရားကိုမေ့လျော့သောအပြစ်ကို သတိနှင့်ရှောင်လော့။

12. သင်သည်ဝစွာစား၍ ကောင်းသောအိမ်ကိုဆောက်လျက်နေရစဉ်၊

တ​ရား​ဟော 8