9. သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရားသည်မှန်သောဘုရား၊ သစ္စာစောင့်သောဘုရား၊ ကိုယ်တော်ကိုချစ်၍ ပညတ်တော်တို့ကိုစောင့်ရှောက်သော သူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင် ပဋိညာဉ်စကားတည်၍ ကရုဏာကိုပြသောဘုရား၊
10. ကိုယ်တော်ကို မုန်းသောသူတို့ကိုဖျက်ဆီးခြင်းငှာ၊ သူတို့မျက်မှောက်၌ အပြစ်ပေးသောဘုရားဖြစ်တော်မူကြောင်းကို သိမှတ်လော့။ ကိုယ်တော်ကို မုန်းသောသူတို့ကိုအားမနာဘဲ၊ သူတို့မျက်မှောက်၌ အပြစ်ပေးတော်မူမည်။
11. သို့ဖြစ်၍ ယနေ့ငါထားသောစီရင်ထုံးဖွဲ့ချက်၊ ပညတ်တရားတို့ကို ကျင့်အံ့သောငှာစောင့်ရှောက်ရမည်။
12. ထိုပညတ်တို့ကို သင်သည် ကျင့်ဆောင်အံ့သောငှာနားထောင်လျှင်၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပဋိညာဉ်နှင့် ကရုဏာတော်ကိုစောင့်တော်မူမည်။