တ​ရား​ဟော 6:9-14 Judson Bible (BJB)

9. အိမ်တံခါး၊ မြို့တံခါးတို့၌လည်းရေးထားရမည်။

10. သင်မတည်သောမြို့ကြီးမြို့မြတ်တို့ကို၎င်း၊ သင်မဖြည့်ဘဲ ကောင်းသောအရာနှင့် ပြည့်သောအိမ်တို့ကို၎င်း၊

11. သင်မတူးသောရေတွင်းတို့ကို၎င်း၊ သင်မစိုက်ပျိုးသောစပျစ်ဥယျာဉ်နှင့် သံလွင်ပင်တို့ကို၎င်း၊ သင့်အားပေးခြင်းငှာ၊ သင်၏အဘအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားကျိန်ဆိုတော်မူသောပြည်သို့ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကိုဆောင်သွင်းတော်မူ၍၊ သင်သည် ဝစွာစားလျက်နေရသောအခါ၊

12. ကျွန်ခံနေရာအဲဂုတ္တုပြည်မှ သင့်ကိုကယ်နှုတ်ဆောင်ယူခဲ့သော ထာဝရဘုရားကို မမေ့လျော့မည်အကြောင်း၊ ကိုယ်ကိုကိုယ်သတိပြုလော့။

13. သင်၏ဘုရားသခင် ထာဝရဘုရားကိုကြောက်ရွံ့ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။ နာမတော်အားဖြင့်လည်း ကျိန်ဆိုခြင်းကိုပြုရမည်။

14. အခြားတပါးသောဘုရား၊ သင့်ပတ်လည်၌နေသော လူမျိုးတို့၏ဘုရားကို မဆည်းမကပ်ရ။

တ​ရား​ဟော 6