23. ငါတို့ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်သို့သွင်း၍ နေရာချခြင်းအလို့ငှာ၊ ထိုပြည်မှနှုတ်ဆောင်တော်မူ၏။
24. ထာဝရဘုရားသည် ယနေ့တိုင်အောင်ကျေးဇူးပြုတော်မူသကဲ့သို့၊ ငါတို့အသက်ကိုစောင့်တော်မူမည်အကြောင်း၊ ငါတို့သည် ကိုယ်အကျိုးကိုထောက်၍၊ ငါတို့ဘုရားသခင် ထာဝရဘုရားကိုကြောက်ရွံ့လျက်၊ ဤပညတ်အလုံးစုံတို့ကို ကျင့်စေခြင်းငှာ မှာထားတော်မူ၏။
25. သို့ဖြစ်၍ ငါတို့ဘုရားသခင် ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ဤပညတ်အလုံးစုံတို့ကို ရှေ့တော်၌ကျင့်စောင့်ခြင်းငှာသတိပြုလျှင်၊ ဖြောင့်မတ်ရာသို့ ရောက်ရကြလိမ့်မည်ဟု ပြန်ပြောရမည်။