11. သင်မတူးသောရေတွင်းတို့ကို၎င်း၊ သင်မစိုက်ပျိုးသောစပျစ်ဥယျာဉ်နှင့် သံလွင်ပင်တို့ကို၎င်း၊ သင့်အားပေးခြင်းငှာ၊ သင်၏အဘအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားကျိန်ဆိုတော်မူသောပြည်သို့ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကိုဆောင်သွင်းတော်မူ၍၊ သင်သည် ဝစွာစားလျက်နေရသောအခါ၊
12. ကျွန်ခံနေရာအဲဂုတ္တုပြည်မှ သင့်ကိုကယ်နှုတ်ဆောင်ယူခဲ့သော ထာဝရဘုရားကို မမေ့လျော့မည်အကြောင်း၊ ကိုယ်ကိုကိုယ်သတိပြုလော့။
13. သင်၏ဘုရားသခင် ထာဝရဘုရားကိုကြောက်ရွံ့ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။ နာမတော်အားဖြင့်လည်း ကျိန်ဆိုခြင်းကိုပြုရမည်။
14. အခြားတပါးသောဘုရား၊ သင့်ပတ်လည်၌နေသော လူမျိုးတို့၏ဘုရားကို မဆည်းမကပ်ရ။
15. သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့၌အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရားဖြစ်တော်မူ၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကို အမျက်ထွက်၍ မြေကြီးပြင်မှာသုတ်သင်ပယ်ရှင်းတော်မူမည်ဟု စိုးရိမ်စရာရှိ၏။
16. သင်သည် မဿာအရပ်၌ပြုသကဲ့သို့၊ သင်၏ဘုရားသခင် ထာဝရဘုရားကို အစုံအစမ်းမပြုရ။
17. သင်၏ဘုရားသခင် ထာဝရဘုရားထားတော်မူသောသက်သေခံချက်၊ စီရင်ချက်၊ ပညတ်တရားတို့ကို ကြိုးစား၍စောင့်ရှောက်ရမည်။
18. သင်သည်ချမ်းသာရခြင်းငှာ၎င်း၊
19. ထာဝရဘုရားဂတိတော်ရှိသည်အတိုင်း ရန်သူအပေါင်းတို့ကို သင့်ရှေ့မှနှင်ထုတ်သဖြင့်၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်မြတ်ကို ဝင်စား၍နေခြင်းငှာ၎င်း၊ ထာဝရဘုရားရှေ့တော်၌ ဖြောင့်မတ်လျောက်ပတ်သောအမှုတို့ကိုပြုရမည်။
20. နောင်ကာလ၌သင်၏သားက၊ ငါတို့ဘုရားသခင် ထာဝရဘုရားထားတော်မူသော ဤသက်သေခံချက်၊ စီရင်ထုံးဖွဲ့ချက်တို့သည် အဘယ်သို့ဆိုလိုသနည်းဟု မေးမြန်းလျှင်၊