1. သင်တို့နှင့် သားမြေးတို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့၍၊
2. ငါပေးထားသော ပညတ်တရားတော်ရှိသမျှတို့ကို တသက်လုံး စောင့်ရှောက်မည်အကြောင်းနှင့် သင်တို့၏အသက်တာရှည်စေမည်အကြောင်း၊ သင်တို့သွား၍ ဝင်စားလတံ့သောပြည်၌ကျင့်ဘို့ရာ သင်တို့အား ငါသွန်သင်စိမ့်သောငှာ၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားမှာထားတော်မူသော စီရင်ထုံးဖွဲ့ချက်ပညတ်တရားဟူမူကား၊
3. အိုဣသရေလအမျိုး၊ ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရား ဂတိတော်ရှိသည်အတိုင်း၊ သင်သည် နို့နှင့် ပျားရည်စီးသောပြည်၌ချမ်းသာရ၍ အလွန်ပွားများမည်အကြောင်း နားထောင်လော့။ သတိနှင့် ကျင့်စောင့်လော့။
4. အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် တဆူတည်းသော ထာဝရဘုရားဖြစ်တော်မူ၏။
5. သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။