တ​ရား​ဟော 5:30-33 Judson Bible (BJB)

30. တဲများသို့ပြန်သွားကြလော့ဟု သူတို့အားပြောလော့။

31. သင်မှာမူကား၊ ဤအရပ်၌ငါ့အနားမှာရပ်နေလော့။ သူတို့အား ငါအပိုင်ပေးသော ပြည်၌သူတို့ကျင့်ဘို့ရာ သင်သည်သူတို့အားသွန်သင်ရသော စီရင်ထုံးဖွဲ့ချက်၊ ပညတ်တရားအလုံးစုံတို့ကို ငါမြွက်ဆိုမည်ဟု ငါ့အားမိန့်တော်မူ၏။

32. သို့ဖြစ်၍ သင်တို့၏ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သင်တို့သည်ကျင့်အံ့သောငှာ စောင့်နေရကြမည်။ လက်ျာဘက်၊ လက်ဝဲဘက်သို့ မလွှဲမရှောင်ရကြ။

33. သင်တို့ဝင်စားလတံ့သောပြည်၌ သင်တို့သည်သေဘေးလွတ်လျက် ချမ်းသာရ၍၊ အသက်တာရှည်မည်အကြောင်း၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားမှာထားတော်မူသောလမ်းအပေါင်းတို့၌ ရှောက်သွားရကြမည်။

တ​ရား​ဟော 5