တ​ရား​ဟော 5:2-7 Judson Bible (BJB)

2. ငါတို့ဘုရားသခင်ထာဝရဘုရားသည် ဟောရပ်တောင်၌ငါတို့နှင့် ပဋိညာဉ်ပြုတော်မူ၏။

3. ထိုပဋိညာဉ်တရားကိုထာဝရဘုရားသည် ငါတို့ဘိုးဘေးများနှင့်သာ ပြုတော်မူသည်မဟုတ်။ ယနေ့ပင်အသက်ရှင်၍ ဤအရပ်၌ရှိသမျှသောငါတို့နှင့် ပြုတော်မူ၏။

4. ထာဝရဘုရားသည်တောင်ပေါ်မှာ မီးထဲကသင်တို့နှင့် မျက်နှာချင်းဆိုင်၍ မိန့်မြွက်တော်မူ၏။

5. ထိုအခါ သင်တို့သည်မီးကိုကြောက်၍ တောင်ပေါ်သို့မတက်ဝံ့သောကြောင့်၊ ငါသည် ထာဝရဘုရား၏အမိန့်တော်ကိုဆင့်ဆိုခြင်းငှာ၊ ထာဝရဘုရားနှင့် သင်တို့ စပ်ကြားမှာရပ်နေ၏။

6. မိန့်မြွက်တော်မူသောစကားဟူမူကား၊ ငါသည် သင့်ကို ကျွန်ခံနေရာအဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။

7. ငါမှတပါး အခြားသောဘုရားကိုမကိုးကွယ်နှင့်။

တ​ရား​ဟော 5