1. တဖန်မောရှေသည် ဣသရေလအမျိုးသားအပေါင်းတို့ကိုခေါ်၍၊ အို ဣသရေလအမျိုးသားတို့၊ ယနေ့ သင်တို့အားငါဟောပြောသော စီရင်ထုံးဖွဲ့ချက်တို့ကို သင်တို့သည် သွန်သင်၍ကျင့်ခြင်းငှာ သတိပြုမည်အကြောင်း နားထောင်ကြလော့။
2. ငါတို့ဘုရားသခင်ထာဝရဘုရားသည် ဟောရပ်တောင်၌ငါတို့နှင့် ပဋိညာဉ်ပြုတော်မူ၏။
3. ထိုပဋိညာဉ်တရားကိုထာဝရဘုရားသည် ငါတို့ဘိုးဘေးများနှင့်သာ ပြုတော်မူသည်မဟုတ်။ ယနေ့ပင်အသက်ရှင်၍ ဤအရပ်၌ရှိသမျှသောငါတို့နှင့် ပြုတော်မူ၏။
4. ထာဝရဘုရားသည်တောင်ပေါ်မှာ မီးထဲကသင်တို့နှင့် မျက်နှာချင်းဆိုင်၍ မိန့်မြွက်တော်မူ၏။