တ​ရား​ဟော 4:45-49 Judson Bible (BJB)

45. သူတို့သည် အဲဂုတ္တုပြည်မှထွက်သောနောက်၊ ဟေရှဘုန်မြို့နေ အာမောရိရှင်ဘုရင်ရှိဟုန်၏နိုင်ငံအတွင်း၊ ယော်ဒန်မြစ်အရှေ့ဘက်၊ ဗက်ပေဂုရမြို့ တဘက်၌ရှိသောချိုင့်တွင်၊ မောရှေဟောပြောသောသက်သေစကား၊ စီရင်ထုံးဖွဲ့သော စကားတည်း။

46. မောရှေနှင့် ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှထွက်ကြသောနောက်၊ ထိုရှင်ဘုရင်နှင့်၊

47. ဗာရှန်ရှင်ဘုရင်ဩဃတည်းဟူသော၊ ယော်ဒန်မြစ်အရှေ့၊ နေထွက်ရာဘက်၌ နေသော အာမောရိရှင်ဘုရင်နှစ်ပါးကိုလုပ်ကြံ၍၊ သူတို့ပြည်ကို၊

48. အာနုန်မြစ်နားမှာရှိသောအာရော်မြို့မှစ၍ ဟေရမုန်တောင်တည်းဟူသော ဇိအုန်တောင်တိုင်အောင်၎င်း၊

49. ယော်ဒန်မြစ်အရှေ့ဘက်လွင်ပြင်နှင့်တကွ လွင်ပြင်နှင့်ဆိုင်သောအိုင်နား၊ အာဇုတ်ပိသဂါမြို့တိုင်အောင်၎င်း သိမ်းယူကြ၏။

တ​ရား​ဟော 4