37. သင်တို့ဘိုးဘေးများကို ချစ်တော်မူသောကြောင့်၊ သူတို့အမျိုးအနွယ်ကို ရွေးကောက်တော်မူပြီ။
38. သင်တို့ထက်အားကြီး၍ များပြားသောလူမျိုးတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူ၍၊ ယနေ့ပင်ဖြစ်သကဲ့သို့ သူတို့မြေထဲသို့ သင်တို့ကိုသွင်း၍ အမွေခံစေခြင်းငှာ၊ မဟာတန်ခိုးတော်အားဖြင့် အဲဂုတ္တုပြည်မှ ရှေ့တော်၌နှုတ်ဆောင်တော်မူပြီ။
39. သို့ဖြစ်၍ ထာဝရဘုရားသည် အထက်ကောင်းကင်ပေါ်၊ အောက်အရပ် မြေကြီးပေါ်မှာ ဘုရားသခင်ဖြစ်တော်မူကြောင်းကို၎င်း၊ အခြားတပါးသောဘုရား မရှိကြောင်းကို၎င်း၊ ယနေ့သိမှတ်၍ နှလုံး၌သွင်းမိကြလော့။
40. သင်တို့နှင့်တကွ သားမြေးတို့သည် ချမ်းသာရခြင်းငှာ၎င်း၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်၌ အသက်တာရှည်စေခြင်းငှာ၎င်း၊ ယနေ့ငါမှာထားသော ပညတ်တရားတော်တို့ကို စောင့်ရှောက်ရကြမည်ဟု မောရှေသည်ဟောပြောလေ၏။
41. ထိုအခါ အိမ်နီးချင်းကိုအငြိုးမထားဘဲ၊ အမှတ်တမဲ့သတ်မိသောသူသည် ပြေး၍၊
42. အသက်ချမ်းသာရသောမြို့သုံးမြို့တို့ကို ယော်ဒန်မြစ်အရှေ့၊ နေထွက်ရာဘက်၌ မောရှေသည်ခွဲထားလေ၏။
43. ထိုမြို့တို့၏အမည်ကား၊ ရုဗင်အမျိုးသားနေရာတောလွင်ပြင်၌ ဗေဇာမြို့၊ ဂဒ်အမျိုးသားနေရာ ဂိလဒ်ပြည်၌ရာမုတ်မြို့၊ မနာရှေအမျိုးသားနေရာ ဗာရှန်ပြည်၌ဂေါလန်မြို့တည်း။
44. ဤရွေ့ကား၊ မောရှေသည် ဣသရေလအမျိုးသားတို့၌ထားသောတရား၊
45. သူတို့သည် အဲဂုတ္တုပြည်မှထွက်သောနောက်၊ ဟေရှဘုန်မြို့နေ အာမောရိရှင်ဘုရင်ရှိဟုန်၏နိုင်ငံအတွင်း၊ ယော်ဒန်မြစ်အရှေ့ဘက်၊ ဗက်ပေဂုရမြို့ တဘက်၌ရှိသောချိုင့်တွင်၊ မောရှေဟောပြောသောသက်သေစကား၊ စီရင်ထုံးဖွဲ့သော စကားတည်း။
46. မောရှေနှင့် ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှထွက်ကြသောနောက်၊ ထိုရှင်ဘုရင်နှင့်၊