27. ထာဝရဘုရားသည်လည်း၊ သင်တို့ကိုတပါးအမျိုးသားတို့တွင် အရပ်ရပ်ကွဲပြားစေ၍၊ နှင်ထုတ်တော်မူသောသာသနာပလူတို့တွင် သင်တို့သည် နည်းနည်းကျန်ကြွင်းရကြလိမ့်မည်။
28. ထိုအရပ်တို့၌၊ လူလက်ဖြင့်လုပ်၍မမြင်နိုင်၊ မကြားနိုင်၊ မစားနိုင်၊ မနမ်းနိုင်သောသစ်သားဘုရား၊ ကျောက်ဘုရားတို့ကို သင်တို့သည် ဝတ်ပြုရကြလိမ့်မည်။
29. သို့သော်လည်း၊ ထိုအရပ်တို့၌ သင်တို့၏ဘုရားသခင် ထာဝရဘုရားကို တဖန်ရှာလိုသောအခါ၊ စိတ်နှလုံးအကြွင်းမဲ့ရှာလျှင် တွေ့ရကြလိမ့်မည်။
30. သင်တို့သည် နောင်ကာလ၌ဒုက္ခဆင်းရဲကိုခံရ၍၊ ဤအမှုအလုံးစုံတို့နှင့် တွေ့ကြုံသောအခါ၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားထံတော်သို့ပြန်လာ၍ စကား တော်ကိုနားထောင်လျှင်၊
31. သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သနားတတ်သောဘုရားဖြစ်တော်မူသောကြောင့် သင်တို့ကိုစွန့်ပစ်ဖျက်ဆီးတော်မမူ။ သင်တို့ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပဋိညာဉ်တရားကို မေ့လျော့တော်မမူ။