တ​ရား​ဟော 4:1-5 Judson Bible (BJB)

1. အို ဣသရေလအမျိုးသားတို့၊ သင်တို့သည်အသက်ရှင်၍၊ သင်တို့ဘိုးဘေးကိုးကွယ်သော ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ကို ဝင်စားမည်အကြောင်း၊ သင်တို့ကျင့်စရာဘို့ ငါသွန်သင်သောစီရင်ထုံးဖွဲ့ချက်တို့ကို နားထောင်ကြလော့။

2. ငါမှာထားသောစကား၌ သင်တို့သည်အသစ်မသွင်းရ။ အလျှင်းမနုတ်မပယ်ရ။ ငါမှာထားသည်အတိုင်း၊ သင်တို့ဘုရားသခင် ထာဝရဘုရား၏ပညတ်တော်တို့ကို စောင့်ရှောက်ရကြမည်။

3. ထာဝရဘုရားသည် ဗာလပေဂုရကြောင့်ပြုတော်မူသောအမှုကို သင်တို့သည် ကိုယ်တိုင်မြင်ရကြပြီ။ ဗာလပေဂုရ၌ ဆည်းကပ်သောသူအပေါင်းတို့ကို သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် သင်တို့အထဲကသုတ်သင်ပယ်ရှင်းတော်မူပြီ။

4. သင်တို့ဘုရားသခင်ထာဝရဘုရား၌ မှီဝဲသမျှသောသင်တို့မူကား၊ ယနေ့တိုင်အောင် အသက်ရှင်ရကြ၏။

5. သင်တို့သည်သွား၍ ဝင်စားသောပြည်၌ကျင့်စရာဘို့၊ ငါ၏ဘုရားသခင် ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို သင်တို့အား ငါသွန်သင်ပြီ။

တ​ရား​ဟော 4