21. ရှေ့ဦးစွာသောအဘို့ကို မိမိအဘို့ရွေးယူ၍၊ တရားမင်းခွဲဝေရာ ထိုအရပ်၌ လုံခြုံရ၏။ လူများတို့၏အကဲအမှူးပြုလျက် လိုက်လာ၍၊ ထာဝရဘုရား၏တရားမှု၊ ဣသရေလအမျိုး၌စီရင်တော်မူချက်တို့ကို ပြုလေ၏။
22. ဒန်အမျိုးကိုကား၊ ဒန်အမျိုးသည် ခြင်္သေ့သငယ်ဖြစ်၍ ဗာရှန်ပြည်မှ ခုန်လိမ့်မည်။
23. နဿလိအမျိုးကိုကား၊ အိုနဿလိအမျိုး၊ ကျေးဇူးတော်နှင့်ကြွယ်ဝ၍၊ ထာဝရဘုရားပေးတော်မူသောမင်္ဂလာနှင့် ပြည့်စုံလျက်၊ အနောက်ပိုင်း၊ တောင်ပိုင်းကို ဝင်စားလော့။
24. အာရှာအမျိုးကိုကား၊ အာရှာအမျိုးသည်သားသမီးကိုရ၍ မင်္ဂလာရှိပါစေသော။ ညီအစ်ကိုချင်း၏စိတ်နှင့် တွေ့ခြင်း၊ မိမိခြေကို ဆီ၌နှစ်ခြင်းရှိပါစေသော။
25. သင်၏တံခါးကန့်လန့်ကျင်တို့သည် သံနှင့် ကြေးဝါဖြင့် ပြီးကြလိမ့်မည်။ သင်၏နေ့ရက်ကာလဖြစ်သည်အတိုင်း သင့်အစွမ်းသတ္တိဖြစ်လိမ့်မည်။