1. ဘုရားသခင်၏လူမောရှေသည် မသေမှီ ဣသရေလအမျိုးသားတို့ကို ကောင်းကြီးပေးသော မင်္ဂလာစကား ဟူမူကား၊
2. ထာဝရဘုရားသည် သိနာတောင်ပေါ်က ကြွတော်မူ၏။ စိရအရပ်မှ ထိုလူတို့အား နေထွက်တော်မူ၏။ ပါရန်တောင်ပေါ်က ရောင်ခြည်ထွန်းပတော်မူ၍၊ သန့် ရှင်းသောသူ အထောင်အသောင်းတို့နှင့်အတူ ကြွတော်မူ၍၊ ဓမ္မမီးသည် ဣသရေလလူတို့အဘို့၊ လက်ျာလက်တော်မှ ထွက်လေ၏။