တ​ရား​ဟော 32:50-52 Judson Bible (BJB)

50. သင့်အစ်ကို အာရုန်သည် ဟောရတောင်ပေါ်မှာသေ၍ မိမိလူမျိုးစည်းဝေးရာသို့ ရောက်သကဲ့သို့၊ သင်သည်လည်း တက်သွားသော ဤတောင်ပေါ်မှာသေ၍၊ သင်၏လူမျိုးစည်းဝေးရာသို့ ရောက်လော့။

51. အကြောင်းမူကား၊ သင်တို့သည် ဇိနတော၊ ကာဒေရှရွာ၊ မေရိဘစမ်းရေအနား၌ ဣသရေလအမျိုးသားတို့ရှေ့မှာ ငါ့ကို မရိုမသေပြု၍ ပြစ်မှားကြပြီ။

52. ထို့ကြောင့် ဣသရေလအမျိုးသားတို့အား ငါပေးသောပြည်ကို သင်သည် ကိုယ်မျက်စိနှင့် မြင်ရသော်လည်း၊ ထိုပြည်သို့ မဝင်စားရဟု မောရှေအား မိန့်တော်မူ၏။

တ​ရား​ဟော 32