တ​ရား​ဟော 32:19-22 Judson Bible (BJB)

19. ထိုအမှုကို ထာဝရဘုရားမြင်သောအခါ၊ အမျက်တော်ထွက်၍ သားသမီးတော်တို့ကို စွန့်ပစ်တော်မူလျက်၊

20. ငါသည် ကိုယ်မျက်နှာကို သူတို့မှလွှဲမည်။ သူတို့သည် အဘယ်သို့ဆုံးမည်ကို ငါကြည့်မည်။ သဘောခိုင်မာသောအမျိုး၊ သစ္စာမရှိသော သားသမီးဖြစ်ကြ၏။

21. ဘုရားမဟုတ်သောအရာအားဖြင့် ငါသည် ငြူစူ သောစိတ်ရှိစေခြင်းငှါ ပြုကြပြီ။ အချည်းနှီးသောအရာအားဖြင့် ငါ့အမျက်ကို နှိုးဆော်ကြပြီ။ သို့ဖြစ်၍ မရေရာသောလူမျိုးအားဖြင့် သူတို့သည် ငြူစူသောစိတ်ရှိစေခြင်းငှါ၎င်း၊ ပညာမရှိသောလူမျိုးအားဖြင့် စိတ်ဆိုးစေခြင်းငှါ၎င်း ငါပြုမည်။

22. ငါသည် အမျက်ထွက်၍မီးရှို့သဖြင့်၊ အနက်ဆုံးသောမရဏာနိုင်ငံသို့ လောင်လိမ့်မည်။ မြေနှင့် မြေအသီးအနှံကိုကျွမ်းစေ၍ တောင်ခြေရင်းတိုင်အောင် လောင်လိမ့်မည်။

တ​ရား​ဟော 32