တ​ရား​ဟော 31:24-27 Judson Bible (BJB)

24. မောရှေသည် ဤပညတ်တရားစကားတော်အလုံးစုံတို့ကို အကုန်အစင်ရေးထားပြီးမှ၊

25. ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို ထမ်းသောလေဝိသားတို့ကို ခေါ်၍၊

26. ဤပညတ္တိကျမ်းစာသည် သင်တို့အမျိုးတဘက်၌ သက်သေဖြစ်မည်အကြောင်း၊ ထိုစာကိုယူ၍ သင်တို့ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော် အနားမှာတင်ထားကြလော့။

27. သင်တို့အမျိုးသည် ပုန်ကန်တတ်သောသဘော၊ ခိုင်မာသောသဘော ရှိကြောင်းကို ငါသိ၏။ ငါအသက်ရှင်၍၊ သင်တို့တွင်နေစဉ်အခါ၊ ယနေ့ပင် သင်တို့သည် ထာဝရဘုရားကို ပုန်ကန်ကြပြီ။ ငါသေသောနောက် ထိုမျှ မကပြုကြလိမ့်မည်။

တ​ရား​ဟော 31