တ​ရား​ဟော 29:1-10-13 Judson Bible (BJB)

1. ဤရွေ့ကား၊ ဟောရပ်အရပ်၌ ထာဝရဘုရားသည် ဣသရေလအမျိုးနှင့် ပြုတော်မူသော ပဋိညာဉ်မှတပါး၊ မောဘပြည်၌ မောရှေသည် ထိုလူမျိုးနှင့် ပဋိညာဉ် ပြုစေခြင်းငှာ၊ ထာဝရဘုရားမှာထားတော်မူသော ပဋိညာဉ်စကားတော် ဖြစ်သတည်း။

10-13. သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်နှင့် ယနေ့ပြုတော်မူသော သစ္စာကို သင်သည်ခံ၍၊ သင်၏ဘုရားသခင်ထာဝရဘုရားနှင့် ပဋိညာဉ်ပြုခြင်းငှာ၎င်း၊ သင့်ကို ကိုယ်တော်၏လူမျိုးအရာ၌ ယနေ့ခန့်ထားတော်မူစေခြင်းငှာ၎င်း၊ အထက်က မိန့်တော်မူ၍၊ သင်၏အဘအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆို တော်မူသည်အတိုင်း၊ သင်၏ဘုရားသခင်ဖြစ်တော်မူစေခြင်းငှာ၎င်း၊ သင်တို့အမျိုးအနွယ်၏အကဲအမှူး၊ အသက်ကြီးသူ၊ မင်းအရာရှိ၊ ဣသရေလအမျိုးယောက်ျား၊ မိန်းမ၊ သူငယ်၊ ထင်းခုတ်သောသူ၊ ရေခပ်သောသူမှစ၍ တပ်၌ရှိသမျှသောသူတို့သည် သင်တို့ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ယနေ့ရပ်နေကြ၏။

တ​ရား​ဟော 29