တ​ရား​ဟော 28:46-53 Judson Bible (BJB)

46. သင့်အပေါ်၌၎င်း၊ သင့်အမျိုးအနွယ်အပေါ်၌၎င်း၊ အစဉ်မပြတ် နိမိတ်လက္ခဏာ အံ့ဘွယ်သောအမှု ဖြစ်ကြလိမ့်မည်။

47. သင်သည် ဥစ္စာကြွယ်ဝသောအခါ၊ ဝမ်းမြောက်ရွှင်လန်းသောစိတ်နှင့် သင်၏ဘုရားသခင် ထာဝရဘုရား၏ အမှုတော်ကို မဆောင်မရွက်သောကြောင့်၊

48. ထာဝရဘုရားစေလွှတ်တော်မူသော ရန်သူ၏အမှုကို သင်သည် မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်းနှင့်တကွ၊ အရာရာ၌ ဆင်းရဲစွာ ဆောင်ရွက်ရလိမ့်မည်။ သင်သည်မပျက်စီးမှီတိုင်အောင် သင့်လည်ပင်း၌ သံထမ်းဘိုးကို တင်ထားတော်မူမည်။

49. ရွှေလင်းတပျံတတ်သကဲ့သို့ လျင်မြန်သောလူမျိုး၊ ကြမ်းတမ်းသောမျက်နှာနှင့် ပြည့်စုံလျက်၊

50. အသက်ကြီးသူကို မရိုသေ၊ အသက်ငယ်သူကို မသနားတတ်သောလူမျိုးကို၊ ဝေးသောအရပ်၊ မြေကြီးစွန်းမှ ထာဝရဘုရားသည် ခေါ်၍ သင့်ကို တိုက်စေတော် မူမည်။

51. သင်သည် မပျက်စီးမှီတိုင်အောင်၊ ထိုရန်သူသည် သင်၏သိုးသငယ်၊ နွားသငယ်၊ မြေအသီးအနှံကို စားရလိမ့်မည်။ သင့်ကို မဖျက်ဆီးမှီတိုင်အောင်၊ ဆန်စပါး၊ စပျစ်ရည်၊ ဆီ၊ သိုးနွားအစီးအပွားကို သင့်အဘို့ မချန်မထားရ။

52. သင့်နေရာပြည်အရပ်ရပ်တို့၌ သင်ကိုးစားသောမြို့ရိုး၊ မြင့်၍ ခိုင်ခံ့သော မြို့ရိုးတို့သည် မပြိုမကျမှီတိုင်အောင်၊ သင့်နေရာမြို့ ရှိသမျှတို့ကို ဝိုင်းထားလိမ့်မည်။ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ပြည်အရပ်ရပ်တို့၌၊ မြို့ရှိသမျှတို့ကိုလည်း ဝိုင်းထားလိမ့်မည်။

53. ထိုသို့ဝိုင်းထား၍ ရန်သူသည် ကျဉ်းကျပ်စေသောအခါ၊ ကိုယ်ရင်သွေး တည်းဟူသော သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော သားသမီးတို့၏ အသားကို သင်စားရလိမ့်မည်။

တ​ရား​ဟော 28