တ​ရား​ဟော 28:1-2 Judson Bible (BJB)

1. ယနေ့ငါဆင့်ဆိုသမျှသော ပညတ်တော်တို့ကို သင်သည်ကျင့်စောင့်ခြင်းငှာ၊ သင်၏ဘုရားသခင်ထာဝရဘုရား၏ စကားတော်ကို စေ့စေ့နားထောင်လျှင်၊ သင်၏ဘုရားသခင်ထာဝရဘုရားသည် လူမျိုးတကာတို့ထက် သင့်ကို ချီးမြှောက်တော်မူမည်။

2. သင်၏ဘုရားသခင် ထာဝရဘုရား၏ စကား တော်ကို နားထောင်လျှင်၊ သင့်အပေါ်မှာ သက်ရောက်လတံ့သော ကောင်းကြီးမင်္ဂလာများ ဟူမူကား။

တ​ရား​ဟော 28