တ​ရား​ဟော 27:11-24 Judson Bible (BJB)

11. တဖန်မောရှေသည် ထိုနေ့၌ လူများတို့ကို မှာထားသည်မှာ၊

12. သင်တို့သည် ယော်ဒန်မြစ်ကိုကူးသောနောက်၊ လူများတို့အား ကောင်းကြီးပေးခြင်းအလိုငှာ ဂေရဇိမ်တောင်ပေါ်မှာ ရပ်ရသောသူဟူမူကား၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ယောသပ်၊ ဗင်္ယာမိန်တည်း။

13. ကျိန်ခြင်းအလိုငှာ၊ ဧဗလတောင်ပေါ်မှာ ရပ်ရသောသူဟူမူကား၊ ရုဗင်၊ ဂဒ်၊ အာရှာ၊ ဇာဗုလုန်၊ ဒန်၊ နဿလိတည်း။

14. ထိုအခါ လေဝိသားတို့သည်ကြီးသောအသံနှင့် ဣသရေလအမျိုးသားအပေါင်းတို့အား ဟစ်ကြော်ရသော စကားဟူမူကား၊

15. ထာဝရဘုရား စက်ဆုပ်ရွံရှာသောအရာ၊ လက်သမားလက်နှင့် ထုလုပ်သော ရုပ်တု၊ သွန်းသောဆင်းတုကိုလုပ်၍ မထင်ရှားသောအရပ်၌ ထားသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။

16. မိဘကို မထီမဲ့မြင်ပြုသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။

17. အိမ်နီးချင်း၏ မြေမှတ်တိုင်ကိုရွှေ့သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။

18. မျက်စိမမြင်သောသူကို လမ်းလွဲစေသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။

19. တရားတွေ့ခြင်းအမှုမှာ တပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုတ်ဆိုးမကို မတရားသဖြင့် အရှုံးပေးသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူ အပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။

20. အဘနှင့်သာဆိုင်သော အဘ၏မယားနှင့် ပေါင်းဘော်သောသူသည် အမင်္ဂလာရှိစေသတည်းဟုကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။

21. တိရစ္ဆာန်တစုံတမျိုးနှင့် ပေါင်းဘော်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။

22. အဘ၏ သမီး၊ အမိ၏သမီးတည်းဟူသော မိမိအစ်မနှမနှင့် ပေါင်းဘော်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။

23. မယား၏အမိနှင့် ပေါင်းဘော်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။

24. အိမ်နီးချင်းကို မထင်မရှားရိုက်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။

တ​ရား​ဟော 27