တ​ရား​ဟော 25:1-8 Judson Bible (BJB)

1. လူချင်းအမှုရှိ၍ မင်းထံ၌ အစီရင်ခံလျက်၊ မင်းရှေ့မှာ တရားတွေ့ကြသောအခါ၊ ဖြောင့်မတ်သောသူကို အပြစ်လွတ်စေခြင်းငှာ၎င်း၊ ဆိုးသောသူကို အရှုံးခံ စေခြင်းငှာ၎င်း စီရင်ရမည်။

2. ဆိုးသောသူသည် အရိုက်ခံထိုက်လျှင်၊ တရားသူကြီးသည် ကိုယ်မျက်မှောက်၌ သူ့ကိုချ၍၊ အပြစ်နှင့် အလျောက် မည်မျှသောဒဏ်ချက်ဖြင့် ရိုက်စေရမည်။

3. သို့သော်လည်း ဒဏ်ချက်လေးဆယ်ထက် မလွန်စေရ။ လွန်၍ များစွာသော ဒဏ်ချက်ဖြင့် ရိုက်လျှင်၊ သင်၏အမျိုးသားချင်းသည် ယုတ်ညံ့သောသူ ဖြစ်ဟန်ရှိ မည်ဟု စိုးရိမ်စရာရှိ၏။

4. စပါးနင်းနယ်သော နွား၏နှုတ်ကို မချုပ်တည်းရ။

5. အတူနေသော ညီအစ်ကိုတို့တွင်၊ တစုံတယောက်သောသူသည် သားမရှိဘဲသေလျှင်၊ သေသောသူ၏ မယားသည် အခြားတပါးသောလူစိမ်းနှင့် စုံဘက်ခြင်းကို မပြုရ။ သူ၏လင်ညီသည် သူ့ကိုသိမ်းယူဆက်ဆံ၍ မရီး၌ ပြုအပ်သောဝတ်ကို ပြုရမည်။

6. ဣသရေလအမျိုး၌ အစ်ကိုအမည်ကို မပျောက်စေခြင်းငှာ၊ အဦးဘွားသော သားသည် သေသောဘကြီး၏ အရိပ်အရာကို ခံရမည်။

7. ညီသည် အစ်ကိုမယားကို မယူလိုလျှင်၊ မိန်းမသည် အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့သွား၍၊ ကျွန်မ၏ လင်ညီသည် အစ်ကိုအမည်ကို ဣသရေလအမျိုး၌ မတည်စေလိုပါ။ သူပြုအပ်သောဝတ်ကို မပြုလိုပါဟု လျှောက်လျှင်၊

8. မြို့၌ အသက်ကြီးသူတို့သည် ထိုသူကို ခေါ်၍ မေးမြန်းရကြမည်။ သူကလည်း၊ ထိုမိန်းမကို အကျွန်ုပ်မယူလိုပါဟုဆို၍ ခိုင်မာစွာနေလျှင်၊

တ​ရား​ဟော 25