9. သင်တို့သည် အဲဂုတ္တုပြည်မှထွက်၍ ခရီးသွားကြစဉ်တွင်၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ မိရိအံ၌ ပြုတော်မူသောအမှုကို အောက်မေ့ကြလော့။
10. သင်သည် အမျိုးသားချင်း၌ တစုံတခုကို ချေးငှားလျှင်၊ အပေါင်ထားသောဥစ္စာကို ယူခြင်းငှာ သူ့အိမ်ထဲသို့ မဝင်ရ။
11. သင်သည် အိမ်ပြင်မှာရပ်နေ၍၊ ထိုသူသည် အပေါင်ထားသောဥစ္စာကို သင့်ရှိရာအိမ်ပြင်သို့ ဆောင်ခဲ့ရမည်။
12. ထိုသူသည် ဆင်းရဲလျှင်၊ ပေါင်၍ထားသောဥစ္စာကို ပြန်မအပ်ဘဲ ညဉ့်ကိုမလွန်စေရ။
13. သူသည် မိမိအဝတ်ကိုဝတ်ခြုံလျက် အိပ်ပျော်၍ သင့်ကိုကောင်းကြီးပေးမည် အကြောင်း၊ သူပေါင်၍ထားသော ဥစ္စာကို နေဝင်လျှင် ဆက်ဆက်ပြန်အပ်ရမည်။ ထိုသို့ပြုသောအမှုသည် သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ဖြောင့်မတ်သောအမှု ဖြစ်လိမ့်မည်။