တ​ရား​ဟော 24:16-22 Judson Bible (BJB)

16. အဘသည် သား၏အပြစ်ကြောင့်၎င်း၊ သားသည် အဘ၏အပြစ်ကြောင့်၎င်း၊ အသေမခံရ။ လူတိုင်းမိမိအပြစ်ကြောင့်သာ အသေခံရမည်။

17. တရားရှာတွေ့ခြင်းအမှုမှာ တပါးအမျိုးသားနှင့် မိဘမရှိသောသူကို အရှုံးမပေးရ။ မုတ်ဆိုးမအဝတ်ကို အပေါင်မယူရ။

18. သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဘူးကြောင်းကို၎င်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ထိုပြည်မှ ရွေးနှုတ်တော်မူကြောင်းကို၎င်း အောက်မေ့ရ မည်။ ထို့ကြောင့် ဤပညတ်ကို ငါထား၏။

19. သင်သည် ကိုယ်လယ်၌ အသီးအနှံကို ရိတ်သောအခါ၊ မေ့လျော့သောကောက်လှိုင်းကို ပြန်၍မယူရ။ သင်ပြုလေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ကောင်းကြီးပေးတော်မူမည်အကြောင်း၊ ထိုကောက်လှိုင်းကို တပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုတ်ဆိုးမအဘို့ ထားရမည်။

20. သင်၏သံလွင်သီးကိုရိုက်ချွေသောအခါ၊ ကျန်ကြွင်းသောအသီးကို ပြန်၍ မရိုက်ချွေရ။ တပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုတ်ဆိုးမအဘို့ ထားရမည်။

21. သင်၏စပျစ်ဥယျာဉ်၌ စပျစ်သီးကို ဆွတ်ယူသောအခါ ပြန်၍ ကောက်သိမ်းခြင်းကို မပြုရ။ ကျန်ကြွင်းသောအသီးသည် တပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုတ်ဆိုးမအဘို့ ဖြစ်ရမည်။

22. သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဘူးကြောင်းကို အောက်မေ့ရမည်။ ထို့ကြောင့် ဤပညတ်ကို ငါထား၏။

တ​ရား​ဟော 24