တ​ရား​ဟော 23:6-17 Judson Bible (BJB)

6. သင်သည် သူတို့ချမ်းသာ၊ သူတို့စည်းစိမ်ကို တသက်လုံးအစဉ်မပြုစုရ။

7. ဧဒုံအမျိုးသားကိုမူကား၊ မမုန်းရ။ သူသည် သင်၏ညီအစ်ကို ဖြစ်၏။ အဲဂုတ္တုအမျိုးသားကိုလည်း မမုန်းရ။ သူ၏ပြည်၌ သင်သည် ကျွန်ခံခဲ့ဘူးပြီ။

8. သူတို့အမျိုးအနွယ်သည် သုံးဆက်မြောက်မှသာ ထာဝရဘုရား၏ ပရိသတ်တော်၌ အပါအဝင်ဖြစ်ရသော အခွင့်ရှိ၏။

9. ရန်သူတို့ကိုစစ်တိုက်သွားသောအခါ၊ မတရားသောအမှုရှိသမျှကို ရှောင်လော့။

10. ညဉ့်အချိန်၌ ရောက်တတ်သော မစင်ကြယ်သော အကြောင်းကြောင့် မစင်ကြယ်သောသူသည် သင်တို့တွင်ရှိလျှင် သူသည်တပ်ပြင်သို့ ထွက်ရမည်။ တပ်ထဲသို့မဝင်ရ။

11. မိုဃ်းချုပ်သောအခါ ရေချိုး၍၊ နေဝင်ပြီးမှ တပ်ထဲသို့ ဝင်ရမည်။

12. သင့်ကျင်ကြီးစွန့်ရာ အရပ်သည် တပ်ပြင်၌ရှိရမည်။

13. တပ်ပြင်သို့ထွက်၍ စွန့်သောအခါ၊ ကိုယ်၌ပါသော သစ်သားတူးရွင်းနှင့် မြေ၌တူးရမည်။ နောက်တဖန်လှည့်၍ မစင်ကို ဖုံးအုပ်ရမည်။

14. အကြောင်းမူကား၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကိုကယ်တင်၍ ရန်သူတို့ကို သင့်လက်၌အပ်ခြင်းငှာ၊ သင်၏တပ်ထဲမှာ သွားလာတော်မူ၏။ ထို့ကြောင့်၊ သင့်အထဲ၌ မစင်ကြယ်သောအရာ တစုံတခုကို မြင်၍ သင်မှ ရှောင်သွားတော်မမူမည်အကြောင်း၊ သင်၏တပ်သည် သန့်ရှင်းရမည်။

15. မိမိသခင်ထံကပြေး၍ သင့်ထံသို့ ရောက်သော ကျွန်ကို သခင်၌ မအပ်ရ။

16. ထိုကျွန်သည် အလိုအလျောက်နေချင်သော အရပ်၊ သင့်နေရာမြို့ တစုံတမြို့၌ သင့်ထံမှာနေရသော အခွင့်ရှိ၏။ သူ့ကိုမညှဉ်းဆဲရ။

17. ဣသရေလအမျိုးသမီးတို့တွင် ပြည်တန်ဆာမရှိရ။ ဣသရေလအမျိုးသားတို့တွင် ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာမရှိရ။

တ​ရား​ဟော 23