တ​ရား​ဟော 22:27-30 Judson Bible (BJB)

27. အကြောင်းမူကား၊ ယောက်ျားသည် ထိုမိန်းမကို တော၌တွေ့၍ မိန်းမအော်ဟစ်သော်လည်း ကူညီသောသူမရှိသောကြောင့်၊ ထိုအမှုသည် လူချင်းတယောက်ကို တယောက် ရန်ပြု၍သတ်သောအမှုနှင့်တူ၏။

28. ယောက်ျားနှင့် မထိမ်းမြား မဆောင်နှင်းသေးသော အပျိုကညာကို အခြားသောယောက်ျားသည်တွေ့၍ ကိုင်ဆွဲသင့်နေသည်ကို တွေ့မိလျှင်၊

29. ထိုယောက်ျားသည် မိန်းမ၏အဘအား ငွေငါးဆယ်ကို လျော်ရမည်။ ထိုမိန်းမသည်လည်း သူ၏မယားဖြစ်ရမည်။ သူ့ကိုရှုတ်ချသောကြောင့် တသက်လုံး မကွာရ။

30. လူသည် မိမိအဘနှင့်သာဆိုင်သော အဘ၏မယားကို မသိမ်းရ။

တ​ရား​ဟော 22