11. ဝါနှင့်သိုးမွေးကို ရောနှော၍ ရက်သောအဝတ်ကို မဝတ်ရ။
12. သင်ခြုံသောအဝတ်စွန် လေးဘက်၌ ပန်းပွားတို့ကို ဆွဲရမည်။
13. လူသည် မယားနှင့်ထိမ်းမြားဆက်ဆံပြီးမှ၊ တဖန် ထိုမိန်းမကို မုန်း၍၊
14. ငါသည် ဤမိန်းမနှင့် ထိမ်းမြားဆက်ဆံသောအခါ၊ ကညာမစစ်ကြောင်းကို သိရပြီဟု ထိုမိန်းမ၌ ကဲ့ရဲ့စရာအကြောင်းကို ပြု၍ သူ့အသရေကို ဖျက်လျှင်၊
15. ထိုမိန်းမ၏ မိဘတို့သည် ကညာ၏ လက္ခဏာသက်သေကို ဆောင်လျက်၊ မြို့၌ အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့ သွား၍၊
16. ထိုမိန်းမ၏အဘက၊ အကျွန်ုပ်သမီးကို ဤလူ၌ အကျွန်ုပ်ပေးစားပါပြီ။ သူသည် အကျွန်ုပ်သမီးကို မုန်း၍၊
17. သင်၏သမီးသည် ကညာမစစ်ကြောင်းကို ငါတွေ့ပြီဟုဆိုလျက် ကဲ့ရဲ့စရာအကြောင်းကို ပြုပါ၏။ သို့ရာတွင် ဤသည်ကား၊ အကျွန်ုပ်သမီး၏ ကညာ လက္ခဏာသက်သေဖြစ်ပါ၏ဟု အသက်ကြီးသူတို့အား လျှောက်ဆိုလျက် ထိုအဝတ်ကို သူတို့ရှေ့မှာလှန်၍ ပြရမည်။