တ​ရား​ဟော 21:4-8 Judson Bible (BJB)

4. လယ်မလုပ်မျိုးစေ့ မကြဲနိုင်အောင် ရေမပြတ်သော ချောင်းသို့ဆောင်သွား၍၊ ထိုချောင်း၌ နွားလည်ပင်းကို ဖြတ်ပြီးမှ၊

5. သင်၏ဘုရားသခင် ထာဝရဘုရားအမှုတော်ကို ဆောင်ရွက်စေခြင်းငှာ၎င်း၊ ထာဝရဘုရားအခွင့်နှင့် ကောင်းကြီးပေးစေခြင်းငှာ၎င်း ရွေးချယ်တော် မူသော လေဝိသားယဇ်ပုရောဟိတ်တို့သည် ချဉ်း၍ တရားတွေ့ခြင်းအမှု၊ ရိုက်ပုတ်ခြင်းအမှု ရှိသမျှတို့ကို စီရင်ဆုံးဖြတ်ရကြမည်။

6. အသေကောင်နှင့် အနီးဆုံးသောမြို့သား အသက်ကြီးသူအပေါင်းတို့သည်၊ ထိုချောင်း၌ လည်ပင်းဖြတ်ပြီးသော နွားမအပေါ်မှာ မိမိတို့လက်ကို ဆေးလျက်၊

7. ငါတို့လက်သည် ဤအသွေးကို မသွန်း၊ ငါတို့မျက်စိသည် မမြင်။

8. အိုထာဝရဘုရား၊ ရွေးတော်မူသော ကိုယ်တော်၏လူ ဣသရေလအမျိုးကို သနားတော်မူပါ။ မသေထိုက်သောသူကို သတ်သောအပြစ်သည် ကိုယ်တော်၏လူ ဣသရေလအမျိုးအပေါ်သို့ ရောက်စေတော်မမူပါနှင့်ဟု မြွက်ဆိုရကြမည်။ သို့ပြုလျှင် အသက်ကိုသတ်သော အပြစ်လွတ်လိမ့်မည်။

တ​ရား​ဟော 21