11. ဘမ်းယူသောသူတို့တွင် အဆင်းလှသော မိန်းမကို မြင်၍ စုံဘက်ခြင်းငှာ အလိုရှိလျှင်၊
12. သင့်အိမ်သို့ သူ့ကိုခေါ်သွား၍၊ သူသည် ဦးဆံရိတ်ခြင်း၊ လက်သည်းလှီးဖြတ်ခြင်းကို ပြုလျက်၊
13. ဘမ်းယူရာအဝတ်ကို ချွတ်ပယ်၍ တလပတ်လုံး မိဘတို့ကို မြည်တမ်းလျက် သင့်အိမ်၌နေပြီးသောနောက်၊ သင်သည် သူနှင့်စုံဘက်၍ သူသည် သင်၏မယား ဖြစ်မည်။
14. နောက်တဖန် သူ့ကိုမချစ်လျှင်၊ သူ့အလိုအလျောက်သွားသောအခွင့်ကို ပေးရမည်။ သူ့ကိုရှုတ်ချသောကြောင့် ငွေနှင့်မရောင်းရ၊ ကျွန်အရာ၌ မထားရ။
15. လင်ချစ်သော မယား၊ မုန်းသော မယားနှစ်ယောက်တို့သည် သားကိုဘွား၍၊ အဦးဘွားသောသားသည် မုန်းသောမယား၏ သားဖြစ်လျှင်၊