31. ထာဝရဘုရားကလည်း၊ ရှိဟုန်မင်းနှင့် သူ၏မြေကို သင့်အားငါပေးစပြု၏။ ထိုမြေကိုအမွေခံအံ့သောငှါ၊ သိမ်းစပြုလော့ဟု ငါ့အားမိန့်တော်မူ၏။
32. ထိုအခါ ရှိဟုန်မင်းသည် သူ၏လူအပေါင်းတို့နှင့်တကွ ယာဟတ်မြို့မှာ ငါတို့ကိုတိုက်ခြင်းငှါ ထွက်လာ၏။
33. ငါတို့ဘုရားသခင်ထာဝရဘုရားသည် ထိုမင်းကို ငါတို့၌အပ်တော်မူသဖြင့် သူမှစ၍သားများ၊ လူများအပေါင်းတို့ကို ငါတို့သည်လုပ်ကြံကြ၏။
34. ထိုအခါသူ၏မြို့ရှိသမျှတို့ကိုတိုက်ယူ၍၊ ယောက်ျားမိန်းမ သူငယ်တို့ကို တယောက်မျှမကြွင်းစေခြင်းငှါ ရှင်းရှင်းဖျက်ဆီးကြ၏။
35. တိရစ္ဆာန်များ၊ မြို့ရွာ၌လက်ရဥစ္စာများကိုသာ ကိုယ်ဘို့သိမ်းယူကြ၏။
36. အာနုန်မြစ်နား၌ရှိသောအာရော်မြို့မှစ၍ ဂိလဒ်မြို့တိုင်အောင်၊ မြစ်နား၌ ရှိသမျှသောမြို့တို့တွင် ငါတို့မအောင်နိုင်သောမြို့တမြို့မျှမရှိ။ ငါတို့ဘုရားသခင် ထာဝရဘုရားသည် အလုံးစုံတို့ကိုငါတို့၌အပ်တော်မူ၏။
37. သို့ရာတွင် အမ္မုန်အမျိုးသားနေသောမြေ၊ ယဗ္ဗုတ်မြစ်နှင့်ဆိုင်သောမြေ၊ တောင်ရိုးမြို့အစရှိသော၊ ငါတို့ဘုရားသခင် ထာဝရဘုရားမြစ်တားတော်မူသော အရာတစုံတခုကိုမျှမချဉ်းရကြ။