တ​ရား​ဟော 2:19-22 Judson Bible (BJB)

19. အမ္မုန်အမျိုးသားနေသောပြည်ကို သင့်အားငါအပိုင်မပေး၊ ထိုပြည်ကို လောတအမျိုးသားတို့အားငါအပိုင်ပေးပြီဟု ငါ့အားမိန့်တော်မူ၏။

20. ထိုပြည်ကိုလည်း၊ အလွန်ကြီးမားသော သူတို့၏နေရာဖြစ်သည်ဟု လူများထင်မှတ်ကြ၏။ ရှေးကာလ၌ ထိုသို့သောလူတို့သည်နေကြ၏။ သူတို့ကို အမ္မုန်ပြည်သားတို့သည် ဇံဇုမ္မိမ်ဟူ၍ခေါ်ကြ၏။

21. ထိုလူမျိုးသည်အာနကအမျိုးသားကဲ့သို့ ကြီးမြင့်များပြားသောလူဖြစ်ကြ၏။

22. သို့သော်လည်း စိရပြည်၌နေသောဧသောအမျိုးသားရှေ့မှာ ဟောရိလူတို့ကို ထာဝရဘုရားဖျက်ဆီးတော်မူသဖြင့်၊ သူတို့နေရာ၌ ဧသောအမျိုးသားတို့သည် ယနေ့တိုင်အောင်နေကြသကဲ့သို့၊ အမ္မုန်အမျိုးသားတို့သည်နေကြ၏။

တ​ရား​ဟော 2