တ​ရား​ဟော 18:6-14 Judson Bible (BJB)

6. ဣသရေလမြို့ရွာတို့၌ တည်းခိုသော လေဝိသားတစုံတယောက်သည်၊ ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်ကို ကြည်ညိုသောစိတ်အားကြီး၍ ရောက်လာလျှင်၊

7. ထာဝရဘုရားရှေ့တော်၌ နေရာရသော ညီအစ်ကို လေဝိသားအပေါင်းတို့နည်းတူ သူ၏ဘုရားသခင်ထာဝရဘုရားအခွင့်နှင့် အမှုတော်ကို ဆောင်ရွက်ရမည်။

8. သူ၏အမွေကိုရောင်း၍ရသော ဥစ္စာမှတပါး၊ လေဝိသားများတို့နှင့်အတူ အညီအမျှခံရမည်။

9. သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်သို့ သင်သည် ဝင်စားသောအခါ၊ ထိုပြည်၌နေသော လူမျိုးတို့ပြုတတ်သော စက်ဆုပ်ရွံရှာဘွယ်အမှု တို့ကို ပြုခြင်းငှာ မသင်ရ။

10. သင်တို့တွင် မိမိသားသမီးကို မီးဖြင့်ပူဇော်သောသူ၊ ဖြစ်လတံ့သောအမှုကို ကိုယ်ဥာဏ်နှင့် ဟောပြောသောသူ၊ ကာလဗေဒင်ကို ကြည့်သောသူ၊ မကောင်းသော အတတ်ကို ပြုစုသောသူ၊

11. ပြုစားတတ်သောသူ၊ နတ်ဆိုးနှင့်ပေါင်းသောသူ၊ ဝိဇ္ဇာအတတ်ကို ပြုစုသောသူ၊ လူသေကိုမေးမြန်းသောသူ တစုံတယောက်မျှ မရှိရ။

12. ထိုသို့ ပြုတတ်သောသူ အပေါင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ ထိုစက်ဆုပ်ရွံရှာဘွယ်သော အမှုများတို့ကြောင့် သင်၏ ဘုရားသခင် ထာဝရ ဘုရားသည် ထိုလူမျိုးတို့ကို သင့်ရှေ့မှ နှင်ထုတ်တော်မူ၏။

13. သင်သည်၊ သင်၏ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ စုံလင်ခြင်းရှိရမည်။

14. သင်အစိုးရအံ့သော လူမျိုးတို့သည်၊ ကာလဗေဒင်ကို ကြည့်သောသူ၊ ဖြစ်လတံ့သောအမှုကို ကိုယ်ဥာဏ်အားဖြင့် ဟောပြောသောသူတို့ စကားကို နား ထောင်တတ်ကြ၏။ သင်မူကား ထိုသို့ ပြုရအောင် သင်၏ ဘုရားသခင် ထာဝရဘုရားသည် အခွင့်ပေးတော်မမူ။

တ​ရား​ဟော 18