20. သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်ကို သင်သည် အသက်ရှင်၍ အမွေခံမည်အကြောင်း၊ ဖြောင့်သောတရားလမ်းသို့သာ လိုက်ရမည်။
21. သင်၏ဘုရားသခင် ထာဝရဘုရားအဘို့ သင်တည်သော ယဇ်ပလ္လင်အနားမှာ အဘယ်သို့သော အာရှရပင်ကိုမျှ မစိုက်ရ။
22. သင်၏ဘုရားသခင် ထာဝရဘုရား မုန်းတော်မူသော ရုပ်တုဆင်းတုကို မတည်မထားရ။