တ​ရား​ဟော 16:19-22 Judson Bible (BJB)

19. သင်သည် တရားလမ်းမှ မလွှဲရ။ လူမျက်နှာကို မထောက်ရ။ တံစိုးကို မစားရ။ တံစိုးသည် ပညာရှိမျက်စိကို ကွယ်စေတတ်၏။ ဖြောင့်မတ်သောသူ၏စကားကို ကောက်စေတတ်၏။

20. သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်ကို သင်သည် အသက်ရှင်၍ အမွေခံမည်အကြောင်း၊ ဖြောင့်သောတရားလမ်းသို့သာ လိုက်ရမည်။

21. သင်၏ဘုရားသခင် ထာဝရဘုရားအဘို့ သင်တည်သော ယဇ်ပလ္လင်အနားမှာ အဘယ်သို့သော အာရှရပင်ကိုမျှ မစိုက်ရ။

22. သင်၏ဘုရားသခင် ထာဝရဘုရား မုန်းတော်မူသော ရုပ်တုဆင်းတုကို မတည်မထားရ။

တ​ရား​ဟော 16